နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူနေမှုအဆင့်အတန်းနှင့် အတွေးအခေါ် တိုးတက်မြင့်မားမှသာလျှင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၍ မိမိတို့ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်သာယာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူနေမှုအဆင့်အတန်းနှင့် အတွေးအခေါ် တိုးတက်မြင့်မားမှသာလျှင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၍ မိမိတို့ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်သာယာမည်



MNP ၊ မတ်  ၁၄

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦးများဖြစ်သည့် လမ်း၊ တံတား၊ ရေ၊ မီး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိသိဖြင့် စေတနာရှေ့ထားဆောင်ရွက် ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ တွေ့ဆုံစဉ် ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ၏ အရေးကိစ္စများကို ဆောင်ရွက်ရသော အရေးကြီးသည့် ဌာနတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်စပ်ဒေသမှ ပြည်သူများအတွက် နှစ်စဉ်ဘတ်ဂျက်များ လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အတွေးအခေါ်တိုးတက်မြင့်မားမှသာလျှင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်၍ မိမိတို့ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်သာယာလာမည်ဖြစ်ကြောင်း၊ နယ်မြေအခြေအနေကိုလိုက်၍ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေစွာဖြင့် ၎င်းတို့၏အခက်အခဲ၊ လိုအပ်ချက်များကို တင်ပြဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ပြည်နယ် သာယာဝပြော၍ စားရေရိက္ခာဖူလုံပိုလျှံရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် စေတနာရှေ့ထား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးညွှန်ကြားရေးမှူးဦးအောင်ထွဋ်က အုပ်ချုပ်မှုဆိုင်ရာ၊ ဝန်ထမ်းအင်အား၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့်ဆောင်ရွက်သောလုပ်ငန်းများ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ လုပ်ငန်းပြီးစီးမှုနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဆိုလာပါဝါတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို Power Point အသုံးပြုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံနှုန်းများနှင့် အညီအချိန်မီပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့သည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ကုန် ပစ္စည်း သိုလှောင်ရုံ၌ ဘေးအန္တရာယ်ဆိုင်ရာအရေးကိစ္စများ ကြုံတွေ့လာပါက အရေးပေါ် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိုလှောင်ထားရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ရုံးဥပဓိရုပ်ကောင်းမွန်ရေး၊ ဝန်ထမ်းအိမ်ရာနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)