ပင်းတယမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ နည်လှည့်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ နည်လှည့်ကွင်းဆင်းဆောင်ရွက်


MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာအုပ်စု ကျားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပင်းတယ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က ကျေးရွာနေ မိဘသူများ ဝင်ငွေတိုးပွားစေရေးအတွက် မိမိတို့ဌာနမှ နည်းပညာသင်တန်းပေးခြင်း၊ လိုအပ်သော ရင်းနှီးပစ္စည်းထောက်ပံ့ခြင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း ထူထောင်ခြင်းနှင့် အသေးစားလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ပြည်သူများအသိပညာ ဗဟုသုတကြွယ်ဝ စေရန်အတွက် စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးနှင့် သတင်းအမှားအမှန်ကို သိရှိကြရန်စသဖြင့် ပြောကြားပေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည် မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကိုဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment