ဒေါ့ဖုန်းယန်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ့ဖုန်းယန်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်



MNP ၊ မတ်  ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ် သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့စည်ပင်သာယာရေးစျေး၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ဌာန ဆိုင်ရာရုံးများသို့ မြို့ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်း ဦးဆောင်၍ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းစိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့စည်ပင်သာယာရေးစျေးအတွင်းရှိ ဆိုင်ခန်း များ၊ စားသောက်ဆိုင်များ၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ဌာနဆိုင်ရာရုံးများ၌ မီးဘေး အန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ သဲအိတ်များနှင့် ရေကန်များ၌ ရေများဖြည့်တင်းခြင်းစသည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဖွဲ့ထံမှ သိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment