ဝိုင်းမော်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ


MNP ၊ မတ်  ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါ ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ်အတွင်း လူမှောင်ခို/လူကုန်ခြင်း မရှိစေရေး၊ ပြည်သူလူထုအတွင်း လူကုန်ကူးမှုဆိုင်ရာများ အသိပညာပြန့်နှံ့စေရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံသား အားလုံး ပူးပေါင်းဆောင်ရွက်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အမှတ် (၁၂) လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးမှ ပြောကြားသည်။


ထိုသို့ လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကချင်ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး လှိုင်စိုး နှင့် တပ်ဖွဲ့ဝင်များ၊ ဝိုင်းမော်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားရာတွင် အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်ပါ ဗီနိုင်းပိုစတာ အား စိုက်ထူခဲ့ကြပြီး မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်သွား ပြည်ထောင်စုလမ်းပေါ်တွင် သွားလာလျက်ရှိသည့် ဒေသခံ ပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


ဆက်လက်၍ အသိပညာပေးရေးအဖွဲ့သည် ဝိုင်းမော်မြို့ ရပ်ကွက် (၁)ရှိ ဝိုင်းမော်-ဗန်းမော်သွား ပြည်ထောင်စု လမ်းမကြီးနှင့် ဝိုင်းမော်-ကံပိုင်တည် သွားလမ်းဆုံတွင် ခရီးသွားပြည်သူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကာ ကချင်ပြည်နယ်သည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိစပ်နေပြီး (၅)နှစ်တာ မှတ်တမ်းတွင်လည်း မြန်မာနိုင်ငံမှ လူကုန်ကူးမှု ဖြစ်စဉ် အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်နေခြင်းကြောင့် ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)ကျော် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဖြူစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)