သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံ ပန်းချီသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံ ပန်းချီသင်တန်း ဖွင့်လှစ်




MNP ၊ မတ်  ၁၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့၊ နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေးရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။


ယင်းနောက် သင်တန်းနည်းပြ ပန်းချီပညာရှင် ဦးအောင်ဆန်းက အခြေခံပန်းချီပညာရပ်အား နားလည်ပြီး ကြံဆရေးဆွဲနိုင်ခြင်းဖြင့် ကျောင်းသားကျောင်းသူများ ပညာရေး၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးဝင်မှုများနှင့် ပန်းချီပညာရပ်၏ အကျိုးကျေးဇူးများ၊ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချပေးရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြသည်။


အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၂၀)ဦးတို့တက်ရောက်ကြပြီး ပန်းချီပညာရှင် နည်းပြနှစ်ဦးတို့က အခြေခံပန်းချီ စနစ်တကျရေးဆွဲနည်းတိုကို နှစ်ပတ်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment