လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်




MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကွန်ပျူတာခန်းမတွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အခမဲ့သင်တန်းများဖွင့်လှစ်ရခြင်းနှင့် လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်လျက်ရှိသော အခမဲ့သင်တန်းများ၊ ပြည်သူ့အကျိုး​ပြုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာသင်တန်းကို ဦးဆောင်သင်ကြားမည့် ဦးထက်မြတ်စိုး(ရွှေပြည့်အိမ်)က သင်တန်းစည်းကမ်း၊ သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါကွန်ပျူတာသင်တန်းကို (၁၃-၃-၂၀၂၃)ရက်နေ့မှစ၍ အချိန်တစ်လခွဲ သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၃)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ကျော်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)