အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရေးကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရေးကြည့်ရှုအားပေး


MNP ၊ မတ်  ၁၄

မကွေးတိုင်းဒေသကြီး၊  အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းသည် အဖွဲ့ဝင်များနှင့်အတူ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနသို့သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများအား အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။


အောင်လံခရိုင်အတွင်း ယနေ့ဓာတုဗေဒဘာသာရပ်အား စာစစ်ဌာနပေါင်း(၈)ခုတွင် စာရင်းရှိဦးရေ (၉၆၀)ဦး၊ ဖြေဆို(၈၇၈)ဦး၊ ပျက်ကွက်(၈၂)ဦးရှိ၍  ၉၁.၄၆%  ရာခိုင်နှုန်းဖြေဆို ခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


မျိုးသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)