မိုင်းငေါ့မြို့ မန်လုံရပ်ကွက် မြို့မရိပ်သာဘုန်းကြီး‌ကျောင်းသို့ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းသွားရောက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့ မန်လုံရပ်ကွက် မြို့မရိပ်သာဘုန်းကြီး‌ကျောင်းသို့ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းသွားရောက်ဆောင်ရွက်



MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မန်လုံရပ်ကွက်ရှိ မြို့မရိပ်သာဘုန်းကြီး ကျောင်းသို့ သွားရောက်ပြီး နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့် တိုက်မှူး ဒေါမို့မို့က ရှင်သာမနေ‌လေးများအား  စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေမှာဖြစ်‌ကြောင်းပြောကြားခဲ့ပြီး စိတ်အပန်းဖြေစေရန်အတွက် ဇာတ်လမ်းမောင်‌ခေတ်ထွန်း သရုပ်ဖော်စိုးဇော်၏ ပုရွက်ဆိတ်နှင့်ကြက်တူရွေးခေါင်းစဉ်ဖြင့်ရုပ်ပြပုံ ပြောခြင်းကိုဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် စာဖတ်ဝိုင်းကိုဆက်လက်ပြုလုပ်ရာ ရှင်သာမနေလေးများမှ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


မြင့်သွယ်

 https://t.me/MyanmarNationalPost



No comments:

Post a Comment