ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ခေါက်ဆွဲ၊ ရှမ်းပဲပုတ်ထုတ်လုပ်ရောင်းချသည့် နေရာများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ခေါက်ဆွဲ၊ ရှမ်းပဲပုတ်ထုတ်လုပ်ရောင်းချသည့် နေရာများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၁၄

 ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ခေါက်ဆွဲ၊ ရှမ်းပဲပုတ်တို့ကို တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများသည် အမှတ် ၈ ရပ်ကွက်ရှိ ရှမ်းပဲပုတ်၊ ဆန်ခေါက်ဆွဲ ထုတ်လုပ် ရောင်းချလျက်ရှိသည့် လုပ်ငန်းများသို့ သွားရောက်၍ ထုတ်ကုန်များထုတ်လုပ်ရာတွင် သန့်ရှင်းမှုရှိ/မရှိ၊ တားမြစ်ပစ္စည်းများ သုံးစွဲမှုရှိ/မရှိ စစ်ဆေး၍ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရာတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားများ၊ ကုန်အမှတ်တံဆိပ်များ စနစ်တကျဖော်ပြရန် စရှိသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


စားသုံးသူပြည်သူများ အန္တရာယ်ကင်းစွာ ဝယ်ယူစားသောက်နိုင်စေရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အခြားဆက်စပ်ဌာနများသည် ကျောက်မဲမြို့နယ်ရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်၊ ခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် တိုင်းရင်းဆေး အရောင်းဆိုင်များကို လစဉ်ပုံမှန် စစ်ဆေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment