ခရမ်းမြို့နယ် ကမာမတ်စံပြကျေးရွာတွင် ငါးမွေးမြူရေးနည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် ကမာမတ်စံပြကျေးရွာတွင် ငါးမွေးမြူရေးနည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်


MNP ၊ မတ်  ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့သည့် အစည်းအဝေးတွင် အသား၊ ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှဝင်ငွေများ ရရှိနိုင်ရန် နည်းပညာအကူအညီပေးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်ညွှန်ကြားမှုဖြင့် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာမတ်စံပြကျေးရွာတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်ကျေးလက်နေပြည်သူများအား ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွာလယ်ခန်းမတွင် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေမှ အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများ ပိုမိုရရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ တိုးတက်လာသည့် မွေးမြူရေးဆိုင်ရာ နည်းပညာများ သင်ကြားတက်မြောက်ပြီး ငါးမွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုဘဝပိုမိုတိုးတက်၍ ဝင်ငွေများတိုးပွား စေရေးအတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းမှ ရရှိလာမည့် နည်းပညာရပ်များဖြင့် ငါးမွေးမြူရေးလုပ်ငန်းနယ်ပါယ်တွင် ကြီးပွားတိုးတက်ပြီး ဝင်ငွေတိုးပွားစေရန် ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများက ငါးမွေးမြူရေးဆိုင်ရာ အခြေခံငါးမွေးမြူရေး၊ ငါးမှုန်ငါးသန်ပြုစုခြင်း၊ ငါးဆေးထိုးသားဖောက် ခြင်း၊ ငါးအသားတိုး မွေးမြူခြင်းတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးမျိုးတင့်နှင့်ဝန်ထမ်းများ၊ ကမာမက်စံပြကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့် ရာအိမ်မှူးများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ(၆၃)ဦးနှင့်လေးထောင့်ကန်၊ ကျောက်တန်း ငါးမွေးမြူရေးစခန်းများမှတာဝန်ခံများ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပေးသင်တန်းများကိုခရိုင်နှင့် မြို့နယ်များတွင်ယခုလအတွင်း ( ၁၉ )ကြိမ်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment