နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်


MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့်၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် အားဖြည့်အချိုရည် (၁)ဘူးနှုန်း၊ အာဟာရမုန့် (၁)ထုတ်နှုန်းဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦးတို့အတွက် အားဖြည့်အချိုရည် (၁၀၁)ဘူး၊ အာဟာရမုန့် (၁၀၁)ထုတ်တို့အား ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထံက သိရသည်။


လူမော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment