ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ (၃၇၁)ဦးကအေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ (၃၇၁)ဦးကအေးချမ်းစွာဆက်လက်ဖြေဆို




MNP ၊ မတ်  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ၈ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တွင် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၇၁ )ဦးက အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုအေးချမ်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဂွမြို့နယ်အနေဖြင့်  အ.ထ.က (ဂွ)စာစစ်ဌာန၊အ.ထ.က ဆပ်သွား စာစစ်ဌာနနှင့် အ.ထ.က ကျိန္တလီ စာစစ်ဌာန စသည်ဖြင့် စာစစ်ဌာန(၃)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ကျောင်းသူ (၄၀၅)ဦး ရှိသည့်အနက်ဖြေဆိုသူ(၃၇၁)ဦး၊ပျက်ကွက်သူ(၃၄)ဦးရှိရာ ဖြေဆိုမှုရာနှုန်း(၉၁.၆၀)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)