ကိုယ်ကျိုးမဖက် ကိုယ့်မိသားစုအတွက်မပါဘဲနဲ့ ပြည်သူအတွက် တတ်နိုင်တဲ့ဘက်ကနေပြီး စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်ပေးတာကို အများကြီးဝမ်းသာပါတယ် ဟု တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ထံတွင် ကုသမှုခံယူသည့် ဒေသခံတစ်ဦးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ကျိုးမဖက် ကိုယ့်မိသားစုအတွက်မပါဘဲနဲ့ ပြည်သူအတွက် တတ်နိုင်တဲ့ဘက်ကနေပြီး စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်ပေးတာကို အများကြီးဝမ်းသာပါတယ် ဟု တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ထံတွင် ကုသမှုခံယူသည့် ဒေသခံတစ်ဦးပြော


MNP ၊ မတ် ၁၁

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တွင် လာရောက်ကုသမှုခံယူသည့် မာန်အောင်မြို့နယ်မှ ဒေသခံတစ်ဦးက "ဒီလိုနိုင်ငံတော်အကြီးအကဲ ကနေပြီးတော့ ပြည်သူအတွက် ဒီလိုစေတနာသန့်သန့်ရှင်းရှင်းနဲ့ကူညီပံ့ပိုးလို့ ပြည်သူအပေါ်မှာ ဒီလို လုပ်ပေးဆောင်ရွက်တဲ့ဟာကို ကျွန်တော်တို့ဘက်က အဆုံးတိုင်ကျေးဇူးတင်ပါတယ်။ ကိုယ်ကျိုးမဖက် ကိုယ့်မိသားစုအတွက်မပါဘဲနဲ့ ပြည်သူအတွက်တတ်နိုင်တဲ့ဘက်ကနေပြီး ပြည်သူ့အတွက် စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်ပေးတာကို ကျွန်တော်တို့အနေနဲ့အများကြီးဝမ်းသာပါတယ်။" ဟု ပြောသည်။

နယ်လှည့်အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၂ ဦးအား  မာန်အောင်မြို့ရှိ မြို့နယ်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၄ ဦး၊ ကလေးရောဂါ ၆ ဦး၊ အရိုးရောဂါ ၂၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၁၂ ဦး၊ မျက်စိရောဂါ ၂၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၂၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက်  တပ်မတော်အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် မာန်အောင်မြို့မှ ကျောက်ဖြူ မြို့နယ်၊ စနဲမြို့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် ဆက်လက် ထွက်ခွာခဲ့ကြောင်းသိရှိရသည်။

ဒေသခံတစ်ဦးအနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သော မြို့မိမြို့ဖတစ်ဦးက"ဦးတို့ဒေသက သီးခြားကျွန်းဖြစ်တဲ့အတွက် တခြားဒေသတွေနဲ့ ကူးလူးဆက်ဆံရတာ အခက် အခဲတွေအများကြီး ရှိပါတယ်။ အထူးသဖြင့် မိုးတွင်းကာလတွေမှာဆိုရင် လှိုင်းတွေကြီးတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးကုသမှုလုပ်ငန်းတွေကို သွားဖို့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒေသခံတွေအတွက်တော့ အများကြီးအကူအညီရပါတယ်။ ဘာလို့လဲဆိုတော့ အဝေးကို သွားပြီးတော့ မကုနိုင်တဲ့သူတွေ မိမိဒေသမှာ ကိုယ်တိုင်လာရောက်ကုသပေးတဲ့အတွက် အများကြီး သက်သာရာလည်း ရပါတယ်။ စိတ်ချမ်းသာမှုတွေလည်း အများကြီးရပါတယ်ဗျ။ ဦးကတော့ မြို့မိ၊ မြို့ဖလည်းဖြစ်တဲ့အတွက် ဒီမှာလိုအပ်တာလေးတွေ လူမှုရေးဆိုင်ရာလိုအပ်တာလေးတွေကို လူနာ လာပို့တဲ့သူတွေကိုရော၊ လူနာစောင့်တွေကိုရော ဧည့်ခံကျွေးမွေးဖို့အတွက် ဝိုင်းဝန်းကူညီပေးပါတယ်။ လာရောက်ကုသပေးဖို့အတွက် လမ်းညွှန်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့မိသားစုကိုလည်း အထူးကျေးဇူးတင် ပါတယ်။ အခုလိုပဲ သံလွင်သင်္ဘောက ဦးတို့ဆီကိုလာပြီးတော့ တကူးတက ကိုယ်တွေ့လာရောက် ကုသပေးတဲ့အတွက် ကျွန်းသူ၊ ကျွန်းသားများကိုယ်စား အထူးပဲကျေးဇူးတင်ပါတယ်။" ဟု ပြောသည်။

ဆေးကုသမှုခံယူခဲ့သူ တစ်ဦးက "ကျွန်တော့်ရဲ့သွားက လှုပ်နေတဲ့အတွက် နှုတ်ချင်လို့ပါ။ သွားရောဂါပေါ့။ ဒါကိုကုသချင်တဲ့ ဆန္ဒနဲ့ဒီကိုလာခဲ့တယ်။ ကျွန်တော်တို့မာန်အောင်မြို့နယ်အတွက် သွားဖက်ဆိုင်ရာကိစ္စနဲ့ပတ်သက် လို့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ အခုလိုလာရောက်ပြီး ကုသပေးတာ၊ အခုလိုတကူးတက လာပြီး ဆောင်ရွက်ပေးတာကြောင့် ကျွန်တော့်တို့အနေနဲ့လည်းကုသဖြစ်တယ်။ ကျွန်တော့်အနေနဲ့ လည်းအထူးပဲဝမ်းသာတယ်။ ကျွန်တော်တို့မာန်အောင်မြို့မှာက အထွေထွေရောဂါဆေးကုဌာန တစ်ခုပဲရှိပါတယ်။ ဒါပေမဲ့ အခုဒီနေရာမှာ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ သွားဖက်ဆိုင်ရာရယ် အဖက်ဖက်က စုံလာတဲ့အတွက် ကုသမှုကလည်း သူ့ကဏ္ဍနဲ့သူ၊ သူ့ဌာနနဲ့သူ သီးခြားဆီခွဲထားတော့ ပိုပြီးတော့အဆင်ပြေတယ်လို့ မြင်မိပါတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လူနာတွေကို အဆင် ပြေအောင် ဆောင်ရွက်နေတာ ကျွန်တော်တို့အနေနဲ့ တွေ့မြင်ရပါတယ်။ ဒီလိုနိုင်ငံတော်အကြီးအကဲ ကနေပြီးတော့ ပြည်သူအတွက် ဒီလိုစေတနာသန့်သန့်ရှင်းရှင်းနဲ့ကူညီပံ့ပိုးလို့ ပြည်သူအပေါ်မှာ ဒီလို လုပ်ပေးဆောင်ရွက်တဲ့ဟာကို ကျွန်တော်တို့ဘက်က အဆုံးတိုင်ကျေးဇူးတင်ပါတယ်။ ကိုယ်ကျိုးမဖက် ကိုယ့်မိသားစုအတွက်မပါဘဲနဲ့ ပြည်သူအတွက်တတ်နိုင်တဲ့ဘက်ကနေပြီး ပြည်သူ့အတွက် စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်ပေးတာကို ကျွန်တော်တို့အနေနဲ့အများကြီးဝမ်းသာပါတယ်။ ဒီလို ပဲဝိုင်းဝန်းပြီး ပြည်သူကို တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းက‌ နှစ်စဉ်နှစ်တိုင်းဆောင်ရွက်ပေး နိုင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာပို့ပါတယ်။" ဟု ပြောဆိုသည်။


#MyanmarNationalPost




No comments:

Post a Comment