အုပ်ချုပ်ရေးအဖွဲ့တစ်ဦး ထံ ဆက်သွယ်၍ ခြိမ်းခြောက် ငွေတောင်းခံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုပ်ချုပ်ရေးအဖွဲ့တစ်ဦး ထံ ဆက်သွယ်၍ ခြိမ်းခြောက် ငွေတောင်းခံလျက်ရှိ


MNP ၊ မတ် ၄

မြန်မာနေရှင်နယ်ပို့စ်တွင် ဖော်ပြခဲ့သော ကလေးပျောက်ကြော်ငြာပါ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ၏ ဖုန်းကို ဆက်သွယ်၍ မသမာသူတစ်ဦးက ဖုန်းဆက်ခြိမ်းခြောက် ငွေကြေးတောင်းခံလျက်ရှိကြောင်း သိရသည်။

ဖုန်းနံပါတ် ၀၉၉၇၉၃၈၆၁၇၉ ဖြင့် ဆက်သွယ် ခေါ်ဆို၍လည်းကောင်း၊ မက်ဆေ့ပို့၍လည်းကောင်း ငွေကြေးတောင်းခံလျက်ရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် က " သမီးလေး မဖြိုးဖြိုးအောင် ပျောက်တဲ့နေ့က ကိုနောင်တော်လေးကို ပေးလိုက်တဲ့ ဖုန်းနံပါတ်ထဲမှာ ကျွန်တော့် ဖုန်းနံပါတ်တစ်လုံး ပါတယ်။ ကလေး က အဲဒီနေ့ကပဲ ကိုနောင်တော်လေးတို့ ဖြန့်ဝေလိုက်တဲ့ အချိန်မှာ ကျည်တောင်ကန် ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ သူတွေက ပုဗ္ဗသီရိမြို့နယ်ထဲမှာ ကလေးပျောက်တယ်။ ကိုယ့်ကလေးကိုယ် သတိထားကြအုံးပေါ့။ အဲဒီ သတင်းကို ဖတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတဲ့အချိန် ကလေးကို ခိုးသွားတဲ့ အမျိုးသမီးက အဲဒီ ထမင်းဆိုင်ရှေ့ ရောက်လာတာ။ ထမင်းဆိုင်ထဲက အဖွဲ့တွေက တခါတည်း တွေ့ပြီး ကလေးကို လုတော့ အမျိုးသမီးက ဆိုင်ကယ်နဲ့ ထွက်ပြေးသွားရော။ ကလေးက အခု ဆေးခန်းပြထားရတယ်။ ကြောက်နေတဲ့ အခြေအနေမျိုးဖြစ်တာပေါ့နော်။ ဒါက ပြီးပြီ။ တခြားသူတွေလည်း ကလေးတွေ့ပြီလား။ တွေ့ပြီပြောတဲ့အခါ ပဋိသန္တာရစကား ပြောကြတဲ့သူတွေလည်း ရှိတယ်။ ဟောဒီ ဖုန်းနံပါတ် ၀၉၉၇၉၃၈၆၁၇၉ နဲ့ ဆက်တဲ့သူက ညကြီး အချိန်မတော်လည်း ဆက်တယ်။ တခါ သူ့ကို ကောင်းကောင်းမွန်မွန် ပြန်ပြောတာကို မရဘူး။ သုံးကြိမ်ရှိပြီ။ ကျွန်တော့်ဆီ ဆက်ပြီး ငွေတောင်းနေတာ။" ဟု ဆက်သွယ် ပြောဆိုသည်။

ခြိမ်းခြောက် ငွေတောင်းခံသူက မက်ဆေ့ပေးပို့ရာတွင် "ခင်ဗျားတို့ သမီး အသက်မသေချင်ရင် ၁၅သိန်း လွှဲပေး ၃ရက်နေ့ နေ့လည် ၁၁ နာရီ နောက်ဆုံးထိ စောင့်မယ် ရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်ရင် နောင်တရလိမ့်မယ်၊ မနက်ဖန် ၁၁ နာရီထိုးမှ ငွေလွှဲမရောက်ရင် ကျုပ်တို့ကို အပြစ်မတင်နဲ့၊ ၁၁ထိုးလို့မှ ငွေမရောက်ရင် အသက် အာမ မခံနိုင်ဘူး၊ ငါယောက်ျား ဟုတ် မဟုတ် သက်သေပြမယ် စောင့်နေ၊ ငါ ငွေမလိုတော့ဘူး မင်းတို့သမီး အလောင်းကောက်မယ့်နေရာ စာပို့လိုက်မယ်" စသည်ဖြင့် ရေးသားပေးပို့ထားသည်။


(သမီးလေး မဖြိုးဖြိုးအောင် မှာ ပျောက်ဆုံးသည့် နေ့က ပြန်လည်တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)