MNP - မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အဆိုပါ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းမှအဖွဲ့ဝင်ဒေါ်ဝင်းဝင်း(တဆ- ၃၆၈၂) စာရေးကလောင်အမည် ဝင်းဝင်း(ဒဂုံအရှေ့)က တိုင်းရင်းဆေးပညာအကြောင်း၊ နယကြီး ၄ မျိုးအကြောင်း၊ ဒေါသ ၃ ပါး၊ ဓါတ် ၇ ပါး၊ မလ ၁၂ ပါး၊ နာမ်ခန္ဓာ ၄ ပါး၊ နက္ခတ္တနယအကြောင်း၊ ဝိဇ္ဇာဓရပညာကို မြန်မာနိုင်ငံတွင် စတင်ခဲ့ပုံနှင့်တိုင်းရင်းဆေးဖြင့် ရင်ကြပ်ရောဂါ၊ သွားကိုက်ရောဂါ၊ လေဖြတ်၊ ဗိုက်အောင့်ဗိုက်နာ၊ မျက်လုံးဝေဒနာ၊ ဆီးချိုအစရှိသည့် ရောဂါဝေဒနာများကို တိုင်းရင်းဆေးပညာဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့အား အကျင့်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့အပြင် မြို့နယ်စာရေးဆရာ အသင်း Page တို့တွင်လည်း လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်
https://t.me/MyanmarNationalPost

No comments:
Post a Comment