ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ




MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၇)နာရီခွဲက မိုင်းရှူးမြို့၊ အမှတ်(၁)ရပ်ကွက် ဘုံခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဒေသဆိုင်ရာအချက်အလက်များနှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများ ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသဆိုင်ရာလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံများတင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ မိုင်းရှူးခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ မိုင်းရှူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်မှ လက်ခံရယူပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်၍ ခန်းမအတွင်း ခင်းကျင်း ပြသထားသော မိုင်းရှူးခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်လုပ်ငန်း များကို လာရောက်ပြသလျက်ရှိသော မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တို့မှ ဒေသထွက်ကုန်ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လိုက်လံကြည့်ရှု အားပေးခဲ့သည်။


ထို့နောက် မိုင်းရှူးမြို့နယ် ဟံသာမုနိဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဟံသာမုနိမာရဇိန်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုကာ မြို့နယ်သံဃနာယက အဖွဲ့ဉက္ကဋ္ဌ ဆရာတော် ပဓာနနာယကဘဒ္ဒန္တကဝိန္ဒ အရှင်မြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မလှူငွေများ‌ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး နှစ်(၁၀၀)ပွဲ‌တော် ဖြစ်မြောက်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ ယင်းနောက် မိုင်းရှူးမြို့နယ် ပြည်သူဆေးရုံအား သွားရောက်ကာ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြား၍ ထောက်ပံ့‌ပစ္စည်းများပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် စစ်မှုထမ်း‌ဟောင်းအဖွဲ့တို့အား ထောက်ပံ့ငွေပေးအပ်ခဲ့​ကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)