ဆီဆိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဆက်လက်ဖြေဆို



MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခု၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။


ဆီဆိုင်မြို့နယ်အတွင်း စာစစ်ဌာန(၃)ခုဖြစ်သည့် အ.ထ.က(ဆီဆိုင်) စာစစ်ဌာနတွင် ဖြေဆိုသူ(၁၀၉)ဦး၊ အ.ထ.က(ဆိုက်ခေါင်)စာစစ်ဌာနတွင် ဖြေဆိုသူ(၃၇)ဦး၊ အ.ထ.က(ဘန်းယဉ်) စာစစ်ဌာနတွင် ဖြေဆိုသူ(၅၉)ဦး၊ စုစုပေါင်းတက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၀၅)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့်(၈၆.၅၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မျိုးမြတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)