စဉ့်ကူးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိ




MNP ၊ မတ်  ၁၃

စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် အား ယနေ့နံနက်(၉)နာရီမှစ၍ ဖြေဆိုလျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာန ပြင်ပများ၌ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် နှင့် ကြီးကြပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းထားသူ  ကျောင်းသား (၁၂၃) ဦးနှင့် ကျောင်းသူ (၂၀၄)ဦး စုစုပေါင်း (၃၂၇) ဦး ရှိပြီး ဖြေဆိုသူ ကျောင်းသား (၁၁၁) ဦးနှင့် ကျောင်းသူ (၁၈၉)ဦး စုစုပေါင်း (၃၀၀) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၇၄)နှင့် ပျက်ကွက်ရာခိုင်နှုန်း (၈.၂၆)ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး မှ သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment