စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ဓာတုဒေဘာသာရပ်အား ဖြေဆိုသူ (၇၆၃)ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ဓာတုဒေဘာသာရပ်အား ဖြေဆိုသူ (၇၆၃)ဦး ဝင်ရောက်ဖြေဆို





MNP ၊ မတ်  ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာဖြေဆိုသူပေါင်း (၇၆၃)ဦးရှိကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်း၌ ယခုနှစ်တွင် စာမေးပွဲဖြေဆိုရန် စာစစ်ဌာန (၅ )ခုဖြင့် နံနက် ၉ နာရီအချိန်မှစ၍ ဓာတု‌ဗေဒဘာသာရပ်အား စလင်းမြို့အခြေခံပညာအမှတ်(၁)ကျောင်းတွင် အတွင်းအပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၉၇)ဦး၊ အ.ထ.က ဆင်ဖြူကျွန်းအခြခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၉၁)ဦး၊ အ.ထ.က တညောင်အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၃)ဦး၊ အ.ထ.က တပ်တွင်းအခြေခံ ပညာအထက်တန်းကျောင်းတွင် (၁၄) ဦး၊ လင်းဇင်းအခြေခံပညာ အထက်တန်းကျောင်းတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၁၈)ဦး ဖြေဆိုကြသည့်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ကြစေရန် လုံခြုံရေးတာဝန်များ ချထားလျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာ ဌာနဆိုက်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲများနှင့် ရပ်မိရပ်ဖများက တာဝန်ယူစောင့်ကြပ်ကာဖြင့် လုံခြုံရေးကို အထူး ဂရုပြုဆောင်ရွက်လျက်ရှိပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ (၈၀၅)ဦး စာရင်းပေးသွင်းခဲ့ရာမှပျက်ကွက်သူဦးရေ (၄၂)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်းကို  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment