ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ


MNP ၊ မတ်  ၁၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။


ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက အသက်(၁၈) နှစ်အောက် ကလေးတိုင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ကလေးသူငယ်များရဲ့ အခွင့်အရေး (၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ ရရှိရေးတို့ကို ထည့်သွင်းဖော်ပြထားပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ် စောင့်ရှောက်ရန်၊ လစ်လျူရှုခြင်း၊ အလွဲသုံးစားခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရ သောကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန် စသည့်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ကလေးသူငယ်ကျင့်ဝတ်စည်ကမ်းများ၊ တရားဥပဒေ စောင့်ထိန်းလိုက်နာရန်၊ မိဘအုပ်ထိန်းသူ၊ ဆရာ ဆရာမတို့၏ သွန်သင်မှုကိုလက်ခံပြီး ပညာသင်ယူရန်၊ စာသင်ကျောင်း၊ ရပ်ရွာတို့တွင် လူမှုရေးစည်းကမ်းများကို လိုက်နာပြီး တာဝန်သိသူအဖြစ်နေထိုင်ကျင့်ကြံရန်၊ မိမိရပ်ရွာ၏ အစဉ်အလာ/ တန်ဖိုးဘာသာစကား ကိုယ်ကွယ်မှု ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ အကျင့်စာရိတ္တ ပျက်ပြားမှုကိုရှောင်ကြဉ်ရန်တို့ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲကို ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံ လူငယ်လူရွယ် (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment