ပခုက္ကူမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်



MNP ၊ မတ်  ၁၀

ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉နာရီအချိန်က ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ပန်းချီ၊ပန်းပု အစည်းအရုံးဒုတိယဥက္ကဋ္ဌ ပန်းချီဖိုးသန်းဝင်းက သင်တန်းတွင်ပို့ချပေးမည့် အခြေခံပန်းချီပညာရပ်များအကြောင်းတို့ကို ရှင်းလင်းပြောကြား သည်။


အဆိုပါ သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံး၊ တမာရနံ့ပန်းချီအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး  ပခုက္ကူမြို့နယ်အတွင်းရှိ ပန်းချီစိတ်ဝင်စားသည့် ကျောင်းသား၊ကျောင်းသူ ၁၆ ဦးတို့အား မတ်၁၀ရက်မှ ၁၆ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)