စစ်ကိုင်းမြို့နယ် အထည်ချုပ်စက်ရုံခွဲ (စစ်ကိုင်း)၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ် အထည်ချုပ်စက်ရုံခွဲ (စစ်ကိုင်း)၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး


MNP ၊ မတ်  ၁၃

စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က စစ်ကိုင်းမြို့နယ် ညောင်ပင်စဉ် မြင်းမွှေးအုပ်စုရှိ အမှတ်(၃) အထည်ချုပ် စက်ရုံ (စစ်ကိုင်း) စက်ရုံ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူးက အများပြည်သူများ/ ဝန်ထမ်းများ အနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်ကိုတည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့ နေ့စဉ်အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် ပစ္စည်းများကို မကြခဏ စစ်ဆေး ပေးကြဖို့ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်မှုရှိသည့် လုပ်ငန်းစဉ် များဖြစ်သည့်အတွက် အလေးထားပြုမူ ဆောင်ရွက်သွားကြပါလို့ အထူးဆွေးနွေးလိုကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်း အဆင့်ဆင့်တို့ကို ရှင်းလင်းပြသကာ ဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်နည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။


စစ်ကိုင်းခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများ၊ ပြညသူ့ဆေးရုံကြီးများနှင့် ဘုရား/ ကျောင်းကန်/သိမ်/ဇရပ် စသည့်နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းမျာကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment