MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင် တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင် တန်းတွင် စက်ချုပ်ဘာသာရပ်(၁၅)မျိုး၊ လက်မှုဘာသာရပ် (၁၀)မျိုး၊ မုန့်လုပ် နည်း ဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များ၊တိုင်းချစ် ပြည်ချက်၊ မျိုးချစ်စိတ် အစဉ် ရှင်သန်ထက်မြတ်နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်သင်ခန်းစာ ဘာသာရပ်၊ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး၊ ကျန်းမာ ရေးအသိပညာပေး၊ သဘာဝဘေးအန္တ ရာယ်ကြိုတင်ကာကွယ် ရေး အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေ့ဦးပြုစုနည်း သင် တန်းများ၊ နယ်စပ်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်း သား/တိုင်းရင်းသူ များ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ် တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့် အလမ်းများရှိစေရန် စသည့် အသိပညာ၊ အတတ်ပညာများကို သင် ကြားပို့ချပေးပြီး သင်တန်းတွင် လိုအပ်သည့် သင်တန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေ သင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွား အပြန် ခရီးစရိတ်များထောက်ပံ့ပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်း ဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်က ရခိုင်ပြည် နယ်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်မှု အကောင်အ ထည်ဖော်ရေး ဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကြောင်းအထောက် အကူပြု အိမ်တွင်းမှု အတတ်ပညာရရှိစေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင် ကြား တတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင် သည်အထိ ဆောင် ရွက်ကြရန်၊ အမျိုး သမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက်သင်တန်းများဖွင့်လှစ်ပေးကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အဆင့်မြင့်အိမ် တွင်းမှုစက်ချုပ်သင် တန်း အမှတ်စဉ်(၅) သင်တန်းအား သင် တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး၂၅- ၁၀- ၂၀၂၂ မှ စတင်ဖွင့်လှစ်၍ သင်တန်းကာမှာ(၂၂)ပတ်ဖြစ်ကြောင်း၊ဘာသာရပ်များ သင်ကြားပေးမှု
အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှာက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်နှင်းအိခိုင်တို့က သင်တန်းသူ များအား အဆင့်မြင့်ထူးချွန်ဆုနှင့် အောင် လက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူတင်စကား ပြောကြားကာ တက်ရောက်လာသူများက ပြခန်း၌ပြသထားရှိသည့် အသုံးအဆောင်ပစ္စည်းများအားလေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment