အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကျင်းပ





MNP ၊ မတ် ၂၄

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ် ၍၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည် ဖေါ်ဆောင်ရွက်မည့်သမဝါယမနှင့် အသေးစားအလတ်စားလုပ်ငန်းကဏ္ဍ များတိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


     ရှေ့ဦးစွာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ သမဝါယမနှင့် အသေးစားအလတ်စားလုပ် ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အ တွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှအရင်း မပျောက် မတည် ရန်ပုံငွေများအားထုတ် ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန် ပုံငွေဖြင့််သမဝါ ယမနှင့် အသေးစားအလတ် စားလုပ်ငန်းကဏ္ဍများကိုအောင်မြင်အောင်ဆောင် ရွက်ကြစေလိုကြောင်းပြောကြားသည်။


    ထို့နောက် သမဝါယမနှင့်အသေးစားအလတ်စားလုပ်ငန်းကဏ္ဍ မြို့နယ်ကြီး ကြပ်မှုကော်မတီ အတွင်းရေးမှူးဦး အောင်မြင့်က သမဝါယမနှင့်အသေးစား အလတ်စားလုပ်ငန်းကဏ္ဍ ဆောင်ရွက်ရမည့်အကြောင်း အရာများကိုလည်း ကောင်း ရှင်းလင်းပြောကြားကြပြီး အ ကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများသို့ မတည်ရန်ပုံငွေများလွဲပြောင်းပေးအပ်ရာ အသေးစားအလတ်စားလုပ်ငန်း ဆောင်ရွက်ကြမည့် မြောက်ဘက်ကျေးရွာအုပ်စုဒိုင်ကြီးကျေးရွာအေးရတနာဖြိုးအသင်းအားလူတစ်ဦး (၃)သိန်းနှုန်းဖြင့် (၅၀)ဦးအတွက်

ငွေကျပ်သိန်း(၁၅၀)ကျပ်နှင့်လုံးကောက်ကျေးရွာအုပ်စု ရေအေးကျေးရွာရွေပြည်သစ်အသင်းအား (၄၀)ဦးအတွက်ငွေကျပ်သိန်း(၁၂၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၂၇၀)ကိုလည်းကောင်း၊တာဝန်ရှိသူများကအသီး သီး လွှဲပြောင်းပေးအပ်ကြသည်။


 အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်စီမအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာ နဆိုင်ရာများ၊ရန်ပုံငွေဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့်ကျေးရွာများမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)