သံတွဲမြို့နယ်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းအရင်းမပျောက် မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲမြို့နယ်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းအရင်းမပျောက် မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်



MNP ၊ မတ် ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် သံတွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ငါးလုပ်ငန်းဦးစီးဌာနတို့မှ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်က အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်း ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စိုက်ပျိုး‌ရေးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကြိမ်ချောင်း ကျေးရွာသို့ မတည်ရန်ပုံငွေ သိန်း(၂၀၀)၊ ကျားကိုက်ကျေးရွာသို့ ငွေကျပ်သိန်း(၄၀၀)၊ သုံးပင်ဆိုင်ကျေးရွာသို့ ငွေကျပ်သိန်း(၄၀၀) နှင့် ကြက်စားချောင်ကျေးရွာသို့ ငွေကျပ်သိန်း (၃၀၀)တို့ကိုလည်းကောင်း ၊ မွေးမြူရေးနှင့်ကုသရေးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် မဲကျွန်းကျေးရွာနှင့် ရေဖြူအိုင်ကျေးရွာများသို့ တစ်ရွာလျှင် ငွေကျပ်သိန်း(၄၀၀)စီနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် မြို့တောင်ကျေးရွာသို့ ငွေကျပ်သိန်း (၄၀၀)တို့ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့်  တာဝန်ရှိသူများက လွဲပြောင်းပေးအပ်ရာ ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။


အဆိုပါ နိုင်ငံ့စီးပွါးမြှင့်တင်ရေးအရင်းမပျောက်မတည်ရန်ပုံငွေများ ပေးအပ်ရခြင်းမှာ ကျေးလက်နေ ပြည်သူများ လူမှုစီးပွါးဘဝတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အရင်းမပျောက်မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း နယ်စီမံကိန်းကြီးကြပ်မှုကော်မတီထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)