MNP ၊ မတ် ၁၄
သံတွဲခရိုင်၊ငပလီမြို့၌ယနေ့ နံနက်(၁၁း၃၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး၊ဒေါ်မြင့်မြင့်အေးကပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့်ရုံးလုပ်ငန်းလက် စွဲစာအုပ်အခန်း(၁၁)အစည်းအဝေးကျင်းပခြင်းနှင့်မှတ်တမ်းတင်ခြင်းအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့်ဝန်ထမ်းများကရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၁၁)ပါအစည်းအဝေးကျင်းပခြင်းနှင့်မှတ်တမ်းတင်ခြင်းခေါင်းစဥ်မှအစည်းအဝေးမှတ်တမ်းရေးသားခြင်းအေကြာင်းဖတ်ကြားပြီး ပုံစံတကျရေးတပ်စေရန် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment