ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ရူပ ဗေဒ)ဘာသာရပ် လုံခြုံအေးချမ်းစွာ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ရူပ ဗေဒ)ဘာသာရပ် လုံခြုံအေးချမ်းစွာ ဖြေဆို




MNP ၊ မတ်  ၁၄

၂၀၂၂-၂၀၂၃  ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၁၄ရက်တွင်နိုင်ငံတဝှမ်း၌  ရူပဗေဒ ဘာသာရပ်ကို ပဥ္စမနေ့   တပြိုင်နက်တည်း  ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင်  လာရောက်ဖြေဆိုသူ (၉၆.၁၆)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပေါင်မြို့နယ်တွင် အထကပေါင် စာစစ်ဌာန ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒ ဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၃၉၁)ဦးရှိသည့်အနက် ကျောင်းသားကျောင်းသူ(၃၇၆)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံကောင်စီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး အအေးဗူးများဝေငှပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment