တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းများတွင် လမ်းအမည်/လမ်းညွှန် အမှတ်အသားများစိုက်ထူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းများတွင် လမ်းအမည်/လမ်းညွှန် အမှတ်အသားများစိုက်ထူဆောင်ရွက်




MNP ၊ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လမ်းညွှန်များ၊ လမ်းအမည်နှင့်လမ်းအမှတ်အသား/အချက်ပြများအား တစ်ပြေးညီဖြစ်စေရေးအတွက် တနင်္သာရီမြို့ပေါ် ရပ်ကွက်များအတွင်း လမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်း၍ ခရီးသွားပြည်သူများ သွားရောက်လိုသည့်နေရာသို့ အဆင်ပြေပြေလွယ်ကူစွာ သွားလာနိုင်စေရန်ရဉ်ရွယ်လျက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းအမည်/လမ်းညွှန် အမှတ် အသားများ/အချက်ပြများကို အသစ်စိုက်ထူ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိ ဒေါ်ချိုချိုခန့်၏ဦးဆောင်မှုဖြင့် အငယ်တန်းအင်ဂျင် နီယာ(၂)ဦးသန်းဌေးအောင်က ကြီးကြပ်လျက် တနင်္သာရီမြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်အတွင်းရှိ လမ်းများတွင် အန္တရာယ်သတိပေးလမ်းညွှန် (၄၉)ခု၊ တားမြစ်ခြင်း/ ကန့်သတ်ခြင်းလမ်းညွှန် (၆)ခု၊ အချက်ပြမီးဝါ(၄)ခု၊ လမ်းထောင့်မျက်ကွယ်ကြည့် (မှန်ခုံး) (အနောက်ကြည့်မှန်)(၁) ခု၊ ရာဘာ Slow Down (၃၈)ခု၊ကျောင်းအနီးသတိ ပေးဆိုင်းဘုတ် (၆)ခု၊ လူကူးမျဉ်းကျား(၄၂၀ပေ)နှင့် လမ်းအမည်ဆိုင်းဘုတ်(၂၄)ခုတို့ကို တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ(GRF)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်တပ်ဆင်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)