MNP - မတ် ၁
အေစီမီလန်အသင်း တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ်က စာချုပ်သက်တမ်းတိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီး "ကျွန်တော် အေစီမီလန်မှာဘဲ ဆက်နေချင်ပါတယ်၊ သဘောတူညီမှုတစ်ခုရလိမ့်မယ်လိုလည်း ကျွန်တော်မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ ဆွေးနွေးနေပြီး စာချုပ်သစ်တစ်ခု သဘောတူညီမှုရနိုင်မယ်လို့ ကျွန်တော်ခံစားရပါတယ်" လို့ DAZNသို့ ပြောကြားခဲ့ပါတာ ဖြစ်ပါတယ်။
အဆိုပါ အသက် ၃၆နှစ်အရွယ် ပြင်သစ်သားရဲ့ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းမှာ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်သည်။ထို့အပြင် အိုလီဗီယာ ဂျီရူးဒ်ကို အဲဗာတန်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ကြောင်းသိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment