ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာအတွင်းမှ PDF အကြမ်းဖက်သမားများ၏ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာအတွင်းမှ PDF အကြမ်းဖက်သမားများ၏ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ မတ်လ ၁ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာအတွင်းမှ ယမန်နေ့ နေ့လည်ပိုင်းက PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာအတွင်း အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ၎င်းကျေးရွာရှိ ကျေးလက်ဆေးပေးခန်းအတွင်း၌ PDF အကြမ်းဖက်သမားများ နေထိုင်သွားခဲ့ပြီး ၎င်းတို့၏ ပစ္စည်းများဖြစ်သည့် သံပိုက် ၅ ချောင်း၊ ဝရိန်ချောင်း ၆၀ ချောင်း၊ သံဖြင့် ပြုလုပ်ထားသော သေနတ် ကိုယ်ထည် ၂ ခု၊ ဝါယာကြိုး ၁ ခွေ၊ ခဲလိပ် ၁ ခု၊ ခဲတိုစက် ၁ ခု၊ ဓာတ်ခဲခြောက် ၈ လုံး၊ ဆိုင်ကယ် ဘတ္ထရီအိုး ၁ လုံး၊ ဘောစေ့လုံး (၁၀၀) လုံး ပါ ၆ ဗူး၊ Keypad ဖုန်း ၁ လုံး၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ အနက်ရောင်ဘောင်းဘီ ၁ ထည်၊ မီးသတ်ဗူးခွံ ၁ ခု၊ စလစ်ပြောင်း ၂ လုံး၊ ကွန်ကျူးပိုက် ၁ ခု၊ သံတိုသံစနှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)