မာန်အောင်မြို့နယ်မှတက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူ(၃၆၀)ဦးကအေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်မှတက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူ(၃၆၀)ဦးကအေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင်မတ်လ၈ရက်နေ့မှ စတင်၍၁၈ရက်နေ့ထိ နံနက်၉နာရီမှ၁၂နာရီထိ တစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့ )သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၆၀ )ဦးမှ အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


    အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက မာန်အောင်၊အထက(ခွဲ)စျေးတန်း စာစစ်ဌာ(၂)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ကျောင်းသူ (၄၂၃)ဦး ရှိသည့်အနက်ဖြေဆိုသူ(၃၆၀)ဦး၊ပျက်ကွက်သူ(၆၃)ဦးရှိရာ ဖြေဆိုမှုရာနှုန်း(၈၅.၁)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


    မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုအေးချမ်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment