ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှု အဆင်ပြေချောမွေ့စေရေး အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှု အဆင်ပြေချောမွေ့စေရေး အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး




MNP ၊ မတ် ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသည့် ကွင်းလျားရှည်ဆည်တွင် ရေများ နည်းပါးနေသောကြောင့် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှု အဆင်ပြေချောမွေ့စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေမှုများအား မတ်လတတိယပတ်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးလျက် ရှိသည်။


မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနတို့က ကွင်းလျားရှည်ဆည် ရေနည်းပါး၍မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှုနည်းပါးခြင်းတို့ကြောင့်လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန် သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)