MNP ၊ မတ် ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကိုယနေ့ညနေပိုင်းက ကဒါရပ်ကွက်ရှိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ သာဿနာ့ဗိမာန်တော်ကြီးအတွင်း စာဖြေသံဃာတော်များ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သာသနာ့ဗိမာန်တော်ကြီးအတွင်းအပြင်နှင့် အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် ခြုံနွယ်များရှင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုပါဠိပထမပြန် စာမေးပွဲကို ယခုလ မတ်လ(၂၈) ရက်နေ့မှဧပြီလ (၃)ရက်နေ့အထိ (၇) ရက်ကြာဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment