စဉ့်ကူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ(၂)ရွာတို့အား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ(၂)ရွာတို့အား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး


MNP ၊  မတ် ၁၁ 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက မြသီတာကျေးရွာနှင့် ရွှေဂုံတိုင်ကျေးရွာတို့အား မြစိမ်းရောင်စီမံကိန်းလုပ်ငန်း (တတိယ) အကြိမ်မြောက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ခေတ္တ)မြို့နယ်ဦးစီးမှူး ဒေါ်နော်အေးအေးထူး က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှု လျော့ချနိုင်စေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအပြင် အခြားမိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်  စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းလက်စွဲစာအုပ်ပါ လမ်းညွန်ချက် များနှင့်အညီ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အတိုး/အရင်းငွေများ ကို သက်မှတ်ရက်အတွင်း အချိန်မီ ပေးသွင်းနိုင်ရေး တို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓာတ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ဥပဒေ နည်းဥပဒေများအကြောင်း စသည်တို့ကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ခေတ္တ)မြို့နယ်ဦးစီးမှူး ဒေါ်နော်အေးအေးထူးနှင့် စီမံကိန်းတာဝန်ခံတို့က မြသီတာကျေးရွာနှင့် ရွှေဂုံတိုင်ကျေးရွာတို့မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၂) ဦး အတွက် ငွေကျပ် (၃၂.၆)သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၄၀)ဦးအတွက် ငွေကျပ်(၁၁.၆၅)သန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ (၃၉)ဦးအတွက် ငွေကျပ် (၁၃.၂၅)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁၈)ဦးအတွက် ငွေကျပ် (၃.၄)သန်း၊ အသက်မွေးလုပ်ငန်း လုပ်ကိုင်သူ (၁၁)ဦးအတွက် ငွေကျပ် (၃.၄၅)သန်း၊ စုစုပေါင်း ကျေးရွာ(၂)ရွာတို့မှ အသင်းသား အသင်းသူ  (၁၉၀)ဦးတို့အတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် (၆၄.၃၅) သန်းကို စီမံကိန်းကော်မတီဝင်များထံ ထုတ်ချေးပေးခဲ့ပြီး ကျေးရွာ ကော်မတီဝင်များမှတစ်ဆင့် အသင်းသား အသင်းသူများ ထံသို့ နေ့ချင်းပြီးထုတ်ချေးပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန (ခေတ္တ)မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။


တင်ဇာလွင် 

#MyanmarNationalPost




No comments:

Post a Comment