လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်


MNP ၊ မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ကျေးဇူးတင်အမှာစကားပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင်များက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေး တာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ကို ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက  အသီးသီးလက်ခံရယူကြပြီး  တိုင်းမှူး နှင့်တာဝန်ရှိသူများက စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဒေသတည်ငြိမ်အေးချမ်း  ရေးအတွက် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံကြိုးစား ထမ်းဆောင်နိုင်ခဲ့ ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား  တိုင်းမှူး က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိကြသူများက  လက်ခံရယူကြသည်။  

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုလှူဒါန်းသည့် စေတနာရှင်    အလှူရှင်များ၏ ကိုယ်စားတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုလှူဒါန်း ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းမှူးက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)