ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာတွင် စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာတွင် စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း


MNP ၊ မတ်  ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာတွင် စပျစ်ပင်များစမ်းသပ်စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး အသီးထွက်နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


စပျစ်စိုက်ပျိုးမည်ဆိုပါက ​ဦးစွာအနက်တစ်ပေ၊ အကျယ်တစ်ပေ မြေကျင်းများတူးပြီး သဘာဝမြေဆွေးများထည့်ကာ  ကြိုတင် မြေပြုပြင် ထားပြီး စပျစ်အရိုင်းပင်ကို  စတင်စိုက်ပျိုးရကြောင်း စပျစ်အရိုင်ပင် သက်တန်း(၆)လအရောက်တွင် အညွှန့်ကိုင်းဖြတ်ပြီး မိမိစိုက်ပျိုးလိုသည့် အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း ကိုင်းကူးပြီး(၆)လအကြာတွင် ရောင်တန်း ဝင်စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ သပျစ်သီးနှံသည် ကျောက်ဆည်မြို့၏ ရာသီးဉတု၊ရေ၊မြေနှင့် ကိုက်ညီပြီး နှစ်ရှည်သီးနှံဖြစ်ကာ အောင်မြင်ဖြစ်ထွန်းပါက အကျိုးအမြတ် များသောကြောင့် တောင်သူများအနေဖြင့် စမ်းသပ်ကာတိုး ချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရသည်။


စပျစ်စိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ စပျစ်အပင်(၅၀၀)စိုက်ပျိုးထားသည့် မှိုင်းပန်ကျေးရွာမှ ဦးညွှန့်ဝင်းက စတင်စိုက်ပျိုး ချိန်မှ အသီးဆွတ်ခူးချိန်အထိ စုစုပေါင်းကုန်ကျငွေ (၂၅)သိန်းခန့် ကုန်ကျကြောင်း အသီးများ ခူးဆွတ်ရာတွင် ရက်ပေါင်း (၆၀)ကျော်အထိ ခူးဆွတ်ရကာ ကုန်ချိန်(၁၅၀၀)ပိဿာခန့်ရရှိကြောင်း ရောင်းဈေး အနေဖြင့် တစ်နှစ်နှင့်တစ်နှစ် ရောင်းဈေးမတူကြောင်း၊ နှစ်ရှည်သီးနှံဖြစ်ပြီး အပင်အပြုအစု ကောင်းပါက (၁၅)နှစ်ခန့်အထိ ခူးဆွတ်ရသဖြင့်  စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment