ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအကြိုက် စာအုပ်/စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအကြိုက် စာအုပ်/စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များပြသ



MNP ၊ မတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကလေးများ၏ အားလပ်ရက်တွင် အသိပညာဗဟုသုတရရှိရေးအတွက် ကလေးအကြိုက် စာအုပ်/စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့မွန်းလွဲ ၁နာရီက ပြသခဲ့ကြောင်း သိရသည်။


မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်၌ ဉာဏ်ရည်/ဉာဏ်သွေးများဖွံ့ ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်မှပေးသည့် အသိပညာ/ အတတ်ပညာများ၊ စာပေဗဟုသုတများနှင့် စာပေချစ်မြတ်နိုးသူများဖြစ်ပေါ်စေရေး ကလေးများအကြိုက် စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်း၊ အသိပညာပေးဓာတ်ပုံများနှင့် နံရပ်ကပ်ဘုတ်များကို ပြသခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါဆောင်ရွက်ခြင်းဖြင့် စာပေဝါသနာရှင်ကလေးများပေါ်ထွန်းလာပြီး စာပေမှပေးအပ်သော ကောက်နုတ်ချက်၊ တွေးတော့ချိန်ဆခြင်း၊ အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့်  စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် အသိပညာဗဟုသုတများရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)