မော်လမြိုင်မြို့တွင် PDF အကြမ်းအဖွဲ့ဝင် ၉ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အတွက် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် PDF အကြမ်းအဖွဲ့ဝင် ၉ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အတွက် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ












MNP ၊ မတ် ၁၀

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ တွင် PDF သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်မှုကျူးလွန်ခြင်းမရှိခဲ့ဘဲ အမြင်မှန်ရ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDFအကြမ်းဖက်အဖွဲ့ဝင် ၉ ဦးအား မိဘများထံ ပြန်လည်အပ်နှံသော အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အလင်းဝင်လာသော PDF အကြမ်းဖက်အဖွဲ့ဝင် ၉ ဦးအား ခံဝန် ကတိလက်မှတ် ရေးထိုးစေ၍ လက်ဆောင်ပစ္စည်းပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် နိုင်ငံရေးလှုံ့ဆော်သူများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် နားယောင်ပြီး အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိသွားသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးထားပြီး၊ မိမိတို့၏ မူလတာဝန်များကို စွန့်ခွါ၍ နိုင်ငံရေးလှုံ့ဆော်သူများ၏ CDM လှုံ့ဆော်မှုနောက်တွင် လိုက်ပါသွားကြသူများကိုလည်း ပြန်လည်တာဝန်ထမ်းဆောင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)