မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွား



MNP ၊ မတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင် ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။


ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ် ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာ‌ချောင် ကျေးရွာ‌တွင် နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ရာ (၁)ဦးတင်ဝင်း(၆၄/၂၃)နှစ်၊ (ဘ)ဦးအောင်မောင်း အတူနေမိသားစု အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပေါင်း(၂)ဦးတို့‌ နေထိုင်ရာနေအိမ် (အလျား ၁၅'×အနံ ၁၂'×အမြင့် ၁၂')၊ (သွပ်မိုး၊ ဓနိကာ၊ ဝါးခင်း) နေအိမ်မှာ ပြိုကျပျက်စီးဆုံးရှုံးခဲ့ပြီး၊ (၂) ဒေါ်လှဌေး(၆၁/၂၃)နှစ်၊ (ဘ)ဦးတင်ခ အတူနေမိသားစု အသက် (၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ ပေါင်း(၃)ဦးတို့ နေထိုင်ရာ (အလျား ၁၅'×အနံ ၁၂'×အမြင့် ၁၂') (ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း)နေအိမ်မှာ ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရပြီး ပျက်ဆီးမှုနှင့် ပတ်သက်၍ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိခဲ့မှုနှင့် အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်ရေး သက်ဆိုင်ရာ ထန်းတပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်ဆွေနှင့် အဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ပေးထားလျက် ရှိကြောင်းသိရှိရသည်။


မျိုးဇော်သိန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)