Gasifier အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သည့်ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲ ကျုံပျော်တွင် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Gasifier အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သည့်ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲ ကျုံပျော်တွင် ပြုလုပ်


MNP ၊ မတ်  ၁၃

Gasifier အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သည့်ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်‌ရေးအတွက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျုံပျော်ခရိုင်အတွင်းရှိ Gasifier ဖြင့်လည်ပတ်သော ဆန်စက်ပိုင်ရှင်များ တွေ့ဆုံပွဲကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။


ရှေးဦးစွာ  စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင်က Gasifier အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေးတို့ကို၎င်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းဦးက တိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Gasifier အသုံးပြု စက်မှုလုပ်ငန်းများ အနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်သွားနိုင်မည့် အစီအမံများကို၎င်း ပရိုဂျက်တာဖြင့် ရှင်းလင်း ဆွေးနွေးသည်။


ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဦးက ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ငန်းများ ဆောင်ရွက်ရေး၊ ဌာန၏ ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေးသည်။


ဆက်လက်၍ တက်ရောက်လာသည့် ဆန်စက် လုပ်ငန်းရှင်များက မိမိဆန်စက်၏ လက်ရှိ ရေဆိုးစွန့်ပစ်နေမှုနှင့် အခြေအနေများနှင့် သိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျုံပျော် ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ Gasifier အသုံးပြု ဆန်စက် လုပ်ငန်းရှင်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လပြည့်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment