MNP ၊ မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ၊ HUASHEN INTERNATIONAL LIMITED အထည်ချုပ်စက်ရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂) လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ်(၄၁/၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများနှင့် ပတ်သက်၍ projector ဖြင့် ပြသ၍ အသိပညာပေးဟောပြောခဲ့သည်။
အခမ်းအနားသို့ စက်ရုံ အလုပ်သမား အမျိုးသား(၂၀)၊ အမျိုးသမီး (၈၀)စုစုပေါင်း(၁၀၀)ဦး တက်ရောက်ကြပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost

No comments:
Post a Comment