ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအပတ်စဥ်(စနေ)နေ့တိုင်း ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအပတ်စဥ်(စနေ)နေ့တိုင်း ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးပြုလုပ်




MNP ၊ မတ်  ၁၁

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက်  ပေါက်တောမြို့ရှိ ဘဲသောက်ကန်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ကြသည်။


  ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ နှင့် ကျောင်းသား၊ကျောင်းသူများက ကျောင်းခြံအတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်သရိုက်များရှင်းလင်းခြင်းများပြုလုပ်ကြသည်။


   အဆိုပါ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဥ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)