တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထား ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထား ပူးပေါင်းဆောင်ရွက်





MNP ၊ မတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၏ အဓိကလမ်းမကြီးဖြစ်သည့် လေးထောင့်ကန် လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ အဆိုပါလမ်း၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ လူသွား စင်္ကြန်လမ်းများအား ပြုပြင်ပြင်ဆင်ခြင်း၊ ခြံစည်းရိုးများ ဆေးသုတ်ခြင်း၊ လမ်းလယ်တုံးများအား ဆေးသုတ်ခြင်း စသည့်တို့ကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို  လမ်းညွှန်မှာကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် အဓိကလမ်းမကြီးများအား လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၏ စီမံကြီးကြပ်မှုဖြင့် အထူးအလေးထား ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment