တောင်ကုတ်မြို့ ၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ ၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်





MNP ၊ မတ်  ၁၁

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်း ရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် မြို့မကျက်သရေဆောင်ဖောင်တော်ဦးစေတီတော်ရင်ပြင်နှင့်ဓမ္မာရုံသန့်ရှင်း သာယာ လှပရေး အတွက် စုပေါင်း ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှု ရေးအသင်း အဖွဲ့ဝင်များက စုပေါင်း၍ ဖောင်တော်ဦးစေတီတော်ရင်ပြင်နှင့်ဓမ္မာရုံအတွင်း တံမျက်လှည်းခြင်း၊ ပန်းများ လဲလှယ်ခြင်း ၊ ပြတင်းမှန်တိုက်ခြင်းများကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)