မိတ္ထီလာခရိုင်တွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာခရိုင်တွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀မိနစ် အချိန်က ကန်တော်မင်္ဂလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကဌာန၏ အဓိကလုပ်ငန်း (၄)ရပ်ဖြစ်သည့် စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊  စွမ်းအားမြှင့်မီးဖိုများ တိုးမြှင့် သုံးစွဲခြင်းနှင့် ရေရရှိရေး လုပ်ငန်းဆိုတဲ့လုပ်ငန်းကြီး (၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်တာဆိုရင် ထင်းအစားအခြားလောင်စားများ တိုးမြှင့်သုံးစွဲခြင်းအားဖြင့် ထင်းသုံးစွဲမှုကိုလျော့ချနိုင်ပြီးတော့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုရန် လက်တွေ့ အသုံးပြုလျက်ရှိသည့် ပြည်သူလူထုကို အသိပညာပေးဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတ နိုင်ငံ Climate Change Center ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း ကို ၂၀၁၈ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်နှစ်ကို  စွမ်းအားမြှင့်မီးဖို ၁၀၈၀၀၀ ကို ပေးဝေ လျက်ရှိသည်။  ယခု ၂၀၂၃ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center ၏ အစီအစဉ်ဖြင့် မိတ္ထီလာခရိုင်တွင်  စွမ်းအားမြှင့်မီးဖို ၁၈၀၀၀ကို မိတ္ထီလာမြို့နယ်တွင် ကျေးရွာပေါင်း ၇၁ရွာ အိမ်ထောင်စုပေါင်း ၉၀၀၀နှင့် သာစည်မြို့နယ်တွင်  ကျေးရွာပေါင်း ၅၁ ရွာ အိမ်ထောင်စု ပေါင်း ၉၀၀၀ တို့ကို ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဝမ်းတွင်းမြို့နယ်နှင့် မလှိုင်မြို့နယ်များကိုလည်း စွမ်းအားမြှင့်မီးဖိုများ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ရာ အဆိုပါ စွမ်းအားမြှင့်မီးဖိုများနှင့် ပတ်သက်၍ လက်တွေ့အသုံးပြုနေသည့် ပြည်သူများ သိရှိအောင် ဆွေးနွေးပွဲကျင်းပခြင်းပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းရာ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းက ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသော ဒေသခံပြည် သူများအား စွမ်းအားမြှင့်မီးဖိုသုံးစွဲမှု လက်တွေ့သရုပ်ပြသခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)