ဘားအံမြို့တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်အပေါ် နှစ်ကုန်အကောင် အထည်ဖော်နိုင်မည့် အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်အပေါ် နှစ်ကုန်အကောင် အထည်ဖော်နိုင်မည့် အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ မတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် နှစ်ကုန်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁:၃၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဘားအံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိနေသည့်ဌာနများအနေဖြင့် ဘဏ္ဍာနှစ်ကုန်တွင် ကဏ္ဍအလိုက် ရာနှုန်းပြည့်ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရန်၊ အရည်အသွေးပြည့်ဝပြီး  သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့်နိုင်ငံတော်၏ ဘဏ္ဍာငွေများအား ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်ခင်သီတာက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ရေးနှစ် ( ဧပြီလမှ မတ်လအထိ) ဒေသန္တရ စီမံကိန်းရည်မှန်းချက်များအပေါ် ပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သုံးသပ် ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)