ရခိုင်ပြည်နယ် မောင်တောမြို့ ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ



MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာသူတစ်ဦးထံမှ ယနေ့ နေ့လယ် (၁၄:၃၀) မိနစ် အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  မူးယစ်ဆေးဝါးသတင်းအရ   မောင်တောမြို့နယ် ၊ ကညင် တန်း ရပ်ကွက် ၊ မဟာဗန္ဓုလ လမ်းအတိုင်း ၊ နာရီစင်ဘက်မှ ကညင်တန်းဘက်သို့ လမ်းလျှောက်လာသူ အား မသ င်္ကာ သ ဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်း ဝတ်ဆင်ထားသော ရွှေယမင်းတံဆိပ်ပါ ဖြူ/စိမ်းကွက်စိပ် ပုဆိုးခါးကြား အတွင်းမှ အနက် ရောင် ပလက်စတစ်အိတ်ငယ် အတွင်း ထည့် ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော  WY/R စာတမ်းပါ ရောရာ ပါ လိမ္မော်ရောင်ဆေးပြား(၃၅)ပြား အလေးချိန် ၃ ဒဿမ ၁၅ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါး များ နှင့် လက်ဝယ်တွေ့ရှိသူ  မာမတ်ဂျော်မီ(ခ)ဂျော်လေဟူဆိန်း(ကျား) ၊ အသက်(၂၅)နှစ် ၊ ကညင်တန်း(တောင်)ရွာနေသူ နှင့် ဆက်စပ် တရားခံ (၂) တို့အား မြို့မရဲစခန်းတွင်  မယ(ပ) ၆/ ၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရ အရေးယူနိုင်ရေး ဆောင် ရွက် လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သိရ သည်။


ဝေလ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)