မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌မိုးကုတ်ဝိပဿနာသင်တန်းနှင့်အဘိဓမ္မာအခြေ ခံတရား(၇)ရက်သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌မိုးကုတ်ဝိပဿနာသင်တန်းနှင့်အဘိဓမ္မာအခြေ ခံတရား(၇)ရက်သင်တန်းဆင်းပွဲကျင်းပ






MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌မိုးကုတ်ဝိပဿနာသင်တန်းနှင့်အဘိဓမ္မာအခြေခံတရားတော်(၇)ရက်သင်တန်းဆင်းပွဲကိုယနေ့ညနေ၃နာရီကအဆိုပါဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌ကျင်းပခဲ့သည်။


   ရှေ့ဦးစွာ အခမ်းအနားကို ``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မိုးကုတ်ဝိပဿနာသင်တန်းဖြစ်မြောက်ရေးကော်မတီ နာယက ဦးသာညွန့်ကကျေးဇူတင်စကားပြောကြားပြီး ဒေါက်တာ ဦးစိုးထွန်းအောင် ပြည်နယ်ကျန်းမာ ကုသရေးဦးစီးမှူး(ငြိမ်း)ကနှတ်ခွန်းဆက်စကားပြောကြားသည်။


  ထို့နောက် မိုးကုတ်ဝိပဿနာသင်တန်း နည်းပြဆရာဒေါက်တာဦးအေးသိန်းမှကျေးဇူးတင်ဝမ်းမြောက်စကားကိုလည်းကောင်း၊ဝိပဿနာသင်တန်းသူတစ်ဦးဖြစ်သူယောဂီဒေါ်မေသန်းကြည်နှင့်မာန်အောင်ဒေသခံတစ်ဦးဖြစ်သူဦးခင်မောင်ရင်တို့မှကျေးဇူးတင်စကား တို့ကိုလည်းကောင်းပြောကြားကြသည်။


     ယင်းနောက်မိုးကုတ်ဝိပဿနာသင်တန်းနည်းပြဆရာကြီးအား ယောဂီများက လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီးအခမ်းအနားကို``ဗုဒ္ဓသာသနံစိရံတိဌတု´´(၃)ကြိမ်ရွတ်ဆိုအခမ်းအနားပြီးဆုံးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)