မော်လမြိုင်ကျွန်းမြို့တွင်မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင်မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်






MNP ၊ မတ်  ၁၃

      ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မတ်လ၁၂ရက်နေ့ နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများပြုဆောင်ရွက်ကြောင်းသိရသည်။


     ထို့သို့ ဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်တပ်ဖွဲ့မှအမူဆောင်အရာရှိ ဦးမျိုးဇော် ဦးဆောင်သောအဖွဲ့သည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့်ပူးပေါင်းကာမြို့မစျေးကြီးအနီးနှင့် ပြည်သူများသွားမူများသောနေရာများတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ပြည်သူများမြင်တွေ့နိုင်သောလမ်းဆုံ လမ်းဂွ သုံးနေရာတွင်"သင့်ကြောင့် မီးမလောင်ပါစေနှင့် "စာတန်းပါဆိုင်းဘုတ်ထောင်ခြင်းများပြုလုပ်ခဲ့သည်။


    ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးဇော် ဦးဆောင်သောပူးပေါင်းအဖွဲ့သည် အမှတ်(၁၁)ရပ်ကွက်ရှိ မဟာပုညဝုဎ္ဍနကျောင်းတိုက်ဝန်းအတွင်း၌ ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်း၏စီမံမူဖြင့်ပြည်သူများအားမီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး၊ ဆက်လက်၍ အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်သူ၏စီမံမူ့ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင်ပြည်သူများအားမီးဘေးအန္တရာယ်ကာကွယ် ရေးအကြောင်းဟောပြောခဲ့ပြီးအသိပ ညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)