အမ်းမြို့နယ် ၌နံရံကပ်စာစောင်၊စာအုပ် စာစောင်ပြပွဲနှင့် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ၌နံရံကပ်စာစောင်၊စာအုပ် စာစောင်ပြပွဲနှင့် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေး





MNP ၊ မတ်  ၁၃

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများကလူငယ်များစာဖတ်ရှိန်မြှှင့်တင်ရေးအတွက် နံရံကပ်စာစောင်၊စာအုပ်စာစောင်ပြပွဲနှင့်ပုံပြင်ပြောပြခြင်း၊ Mobile Library စနစ်ဖြင့် စာအုပ်စာ စောင်များ ငှားရမ်းပေးခြင်းကို မြို့ နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသင်တန်းခန်းမသို့ သွား ရောက်၍ ယနေ့နေ့လည် ၃ နာရီအချိန်ကကွင်းဆင်း၍ စာအုပ်စာ စောင်များငှားရမ်းပေးခဲ့သည်။


     မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးစန်းဝင်း က အနာ ဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့် မျိုးဆက်သစ် ကျောင်း သား /သူလူငယ်များအား ကာယဗ လ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘော ဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟု သုတများရရှိစေရန်၊အချင်းချင်းချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင် ရွက်သောအလေ့အထများရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်၊စာပေကိုချစ်မြတ်နိုးလာစေရန်စသည့်ရည်ရွယ် ချက်ဖြင့် ပြည်သူ့စာကြည့် တိုက်သို့ မလာရောက်နိုင်သည့် ကလေးလူငယ်များ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှု့လေ့ လာနိုင်ရန်အတွက် ကလေးအ ပျော်ဖတ် ရသစာ အုပ်များ၊ ပံု​​ပြင်စာ အုပ်များနှင့် ရုပ်ပြစာအုပ်များ စာအုပ်၊ စာစောင် အသစ်များကို လူငယ်စာဖတ် ပရိတ်သတ်များ၏ လက်ဝယ်အရောက် Mobile Library စနစ်ဖြင့်အားကစားနှင့်ကာယပညာဦးစီးဌာန၌ အားကစားသင်တန်းတက်ရောက်နေသောကလေးသူငယ်များစာပေဖတ်ရှုလေ့လာနိုင်ရန် နံရံကပ်စာစောင် ၊စာအုပ်စာစောင်ပြပွဲနှင့် ပုံပြင်ပြောပြခြင်း၊စာအုပ်စာစောင်များကွင်းဆင်းငှားရမ်းပေးခြင်း ဆောင် ရွက်ခဲ့သည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)